ပုလောမြို့

ပင်လယ်၊ မြောက်ဘက်တွင် ထားဝယ်မြို့နယ်၊ တောင်ဘက်တွင် မြိတ်မြို့နယ်တို့နှင့် ဆက်စပ်နေသည်။ စိုက်ပျိုးရေး၊ ရေလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လှသည်။ နွေရာသီတွင် ပုလောမြို့အနီးရှိ ပလစက်တော်ရာ ဘုရားသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများလာရောက် ဖူးမျှော်လေ့ရှိသည်။ ၎င်းဘုရားမှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဘယ်ဘက်ခြေတော်ရာဖြစ်သည်။ ညာဘက်ခြေတော်ရာ ကိုမူ တနင်္သာရီမြို့အနီး လယ်တောင်ယာရွာ ခြေတော်ရာတောင်ထိပ်တွင် ဖူးတွေ့နိုင်သည်။ ဤဒေသ၏ တစ်မူထူးခြားချက်မှာ မြိတ်၊ ထားဝယ်ဒေသရှိ ဒေသခံများနှင့် စကားပြောဟန် မတူညီခြင်းပင်ဖြစ်သည်။

Comment Form under post in blogger/blogspot