၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး

မြိတ်ကျွန်းစုအတွင်းရှိကျွန်းများကိုလေ့လာရန်အတွက် ကော့သောင်းမြို့တွင် Speed Boat များကို ငှားရမ်းနိုင်သည်။ တစ်နေ့ခရီးမှ ခုနှစ်ရက်ခရီးအထိရှိပြီး ဈေးနှုန်းမှာ အများဆုံးဒေါ်လာ (၁၂၀၀) ဖြစ်သည်။ ခရီးစဉ်အပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှု ရှိသည်။ ခရီးစဉ်မှာ ကော့သောင်းမြို့မှစပြီး မျောက်နီကျွန်း၊ (၁၁၅) ကျွန်း၊ လမ်းပိကျွန်း၊ ပီလကျွန်း၊ ညောင်ဝဲကျွန်း၊ ဘိုချိုကျွန်း၊ စလက်ဂလက်ကျွန်း၊ ကူဘိုကျွန်း၊ မက်ကယုံဂလက်ကျွန်း၊ ကာဗင်ကျွန်း၊ ကြက်သောင်းရွာ၊ ပုလဲကျွန်း၊ ဒုံးကျွန်းနှင့် မြိတ်မြို့တွင် ခရီးစဉ်ဆုံးမည် ဖြစ်သည်။ အမြန်ယာဉ်များဖြစ်ပြီး ခေတ်မီစက်များတပ်ဆင်ထားကာ ခရီးသည်များ အတွက် သက်တောင့်သက်သာဖြစ်လှသည်။ GPS လမ်းညွှန်ပါရှိပြီး ဂြိုဟ်တုဖုန်း၊ TV၊ ရေခဲသေတ္တာ၊ လေအေးပေးစက် တပ်ဆင်ထားသည်။ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊ ရေချိုးခန်း၊ဧည့်ခန်း၊ ထမင်းစားခန်းများပါရှိသည်။ အခန်းများမှာ အသံလုံအခန်းများဖြစ်ကာ သန့်ရှင်းသပ်ရပ်ပြီး ပင်လယ်ရှုခင်းများကို ကြည့်ရှုနိုင်ရန် တည်ဆောက်ထားသည်။ ခရီးစဉ်တွင် ရေငုပ်ခြင်း၊ ကျွန်းပေါ်လေ့လာခြင်းများ ပြုလုပ်နိုင်သည်။ ခရီးသည် (၁၈) ဦးအထိလိုက်ပါနိုင်ပြီး
ဝန်ဆောင်မှုအဖွဲ့ဝင် (၅) ဦးပါဝင်သည်။