မြိတ်ကျွန်းစု

မြိတ်ကျွန်းစုသည် တနင်္သာရီတိုင်း၏ အဖိုးမဖြတ်နိုင်သော သဘာဝအလှတရားဖြစ်သည်။ မြိတ်မြို့နှင့် မြိတ်ကျွန်းစုသည် အမြဲဒွန်တွဲလျက်ရှိသည်။ ခွဲခြားထား၍ မရပေ။ မြိတ်မြို့အကြောင်းကို သိချင်လျှင် မြိတ်ကျွန်းစုမပါ၍ မဖြစ်သလို မြိတ်ကျွန်းစုအကြောင်းကို ပြောချင်လျှင်လည်း မြိတ်မြို့ကိုချန်လှပ်ထား၍ မဖြစ်ချေ။ မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း (၈၀၀)ကျော် ပါဝင်သည်။ ၄င်းတို့အနက် ကတန်ကျွန်းသည် အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။ ထိုကျွန်းပေါ်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်နှင့်အတူ ကျွန်းစုမြို့အပါအ၀င် ကျေးရွာ အများဆုံး တည်ရှိသည်။ ထင်ရှားသောကျွန်းများမှာ ကုလားကျွန်း၊ သမီးလှကျွန်း၊ မလိကျွန်း၊ ကံမော်ကျွန်း၊ ပုလဲကျွန်း၊ လမ်းပိကျွန်း၊ စခန်းသစ်ကျွန်း၊ ဒုံးကျွန်း၊ ဇာဒက်ကလေး၊ ဇာဒက်ကြီးကျွန်း၊ သံကျွန်းနှင့် သူဌေးကျွန်း တို့ဖြစ်သည်။

ပထော်ပထက်ကျွန်းနှင့် ကုလားကျွန်းကြားရှိ ကျွန်းသာယာကို ဂြိုဟ်တုမှ မြင်ရစဉ်

ကျွန်းသာယာသို့ အ၀င် မြင်ကွင်း

ကျွန်းသာယာ၏ လှပသောရှုခင်းအချို့




ဒုံးကျွန်း၊ကတန်ကျွန်း၊ကုလားကျွန်းတို့ကို မြိတ်မြို့နှင့်အတူ ဂြိုဟ်တုမှ တွေ့ရစဉ်

စခန်းသစ်ကျွန်းကို ဂြိုဟ်တုမှ တွေ့ရစဉ်

ဇီဝစိုးငှက်များနားခိုရာ ငှက်သိုက်ကျွန်း


ငှက်သိုက်ကျွန်းသည် မြိတ်ကျွန်းစုတွင် ထင်ရှားသော ကျွန်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငှက်သိုက် ဖြစ်စေမည့် ဇီဝစိုးငှက်ကလေးများ အများဆုံးနားခိုသောကြောင့် ဖြစ်သည်။၎င်းကျွန်း၏ အရှေ့ဘက်တွင် ကံမော်ကျွန်း၊ တောင်ဘက်တွင် ပုလဲကျွန်း၊ မြောက်ဘက်နှင့် အနောက်ဘက်တွင် လက်စွပ်အော်ကျွန်းတို့ တည်ရှိသည်။ ငှက်သိုက်သည် ကျန်းမာရေးအတွက် အလွန်ဆေးဘက်ဝင်သဖြင့် အားဆေးများထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည်။ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းသာ ငှက်သိုက်ထွက်ရှိသည်။ ယခင်က ကျောက်တောင်များရှိ ငှက်သိုက်ကိုသာ သက်စွန့်ဆံဖျားရယူမှသာ ရသည်။ ယခုအခါ၌ မြိတ်ကျွန်းစုတွင် ငှက်သိုက်ကို စနစ်တကျ မွေးမြူရရှိနိုင်ပြီဖြစ်သည်။

ငှက်သိုက်ကျွန်းအနီး ကျောက်လိပ်ဘုရားအား ဖူးတွေ့ရစဉ်

ပုလဲကျွန်း


ပုလဲကျွန်း မနက်ခင်း အလှ
ပုလဲငုပ်သမားတစ်ဦး၏ဟန်
ကြည်လင်လှပသော ကမ်းခြေအလှ

လွမ်းမောဖွယ် နေ၀င်ဆည်းဆာ အလှ

ကံမော်ကျွန်းနှင့် ၄င်း၏ ကျေးရွာများ

ရေဂန်တောင်ရွာ လှေဆိပ်
ရေဂန်တောင်ရွာ တောင်းဆုယူဘုရား မုဒ်ဦးနှင့် စေတီတော်

လမ်းပိကျွန်းနှင့် ပတ်ဝန်းကျင်ကျွန်းများ

လမ်းပိကျွန်းသည် မြိတ်ကျွန်းစုတွင် ထင်ရှားလှပသော ကျွန်းဖြစ်သည်။ စတုရန်းကီလိုမီတာ(၁၈၈)ကျယ်ဝန်းပြီး သာယာလှပသော ကျွန်းငယ်များစွာ ခြံရံလျက်ရှိသည်။ မြောက်ဘက်တွင် အိုဝင်ကျွန်း၊ တောင်ဘက်တွင်
ပီလကျွန်း၊ ဇာဒက်ကလေး၊ ဇာဒက်ကြီးကျွန်း၊ အရှေ့ဘက်တွင် တနင်္သာရီကမ်းရိုးတန်း၊ အနောက်ဘက်တွင်
ကျွန်းငယ်လေးများစွာ တည်ရှိသည်။ ကျွန်းပေါ်တွင် ကျေးရွာလေးများ တည်ရှိပြီး ငါး၊ အုန်း၊ ပုလဲ၊ငှက်သိုက်
လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။

လမ်းပိကျွန်းကမ်းခြေရှိ ရေလုပ်ငန်းခွင် တစ်နေရာ
ကျွန်းပေါ်ရှိ ရွာတန်းလေးနှင့် ချစ်စရာ ကျွန်းသားလေး ညီအစ်ကို

ဇာဒက်ကြီး၊ဇာဒက်ကလေးနှင့်သံကျွန်းတို့ကို ဂြိုဟ်တုမှ တွေ့မြင်ရစဉ်


ခရင်းခွကျွန်း သောင်ပြင်ကမ်းစပ်
ခရင်းခွကျွန်းပေါ်ရှိ နေချင်စဖွယ် အပန်းဖြေ အက်ဒမင် ရီဆော့ အိမ်လေး
သာယာလှပသော မြင်ကွင်းတစ်ကွက်

နွားကြီးနွားလေးကျွန်းပေါ်ရှိ ဟိုတယ်ကို ဂြိုဟ်တုမှ အနီးကပ် တွေ့ရစဉ်