၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး

မြိတ်ကျွန်းစုအတွင်းရှိကျွန်းများကိုလေ့လာရန်အတွက် ကော့သောင်းမြို့တွင် Speed Boat များကို ငှားရမ်းနိုင်သည်။ တစ်နေ့ခရီးမှ ခုနှစ်ရက်ခရီးအထိရှိပြီး ဈေးနှုန်းမှာ အများဆုံးဒေါ်လာ (၁၂၀၀) ဖြစ်သည်။ ခရီးစဉ်အပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှု ရှိသည်။ ခရီးစဉ်မှာ ကော့သောင်းမြို့မှစပြီး မျောက်နီကျွန်း၊ (၁၁၅) ကျွန်း၊ လမ်းပိကျွန်း၊ ပီလကျွန်း၊ ညောင်ဝဲကျွန်း၊ ဘိုချိုကျွန်း၊ စလက်ဂလက်ကျွန်း၊ ကူဘိုကျွန်း၊ မက်ကယုံဂလက်ကျွန်း၊ ကာဗင်ကျွန်း၊ ကြက်သောင်းရွာ၊ ပုလဲကျွန်း၊ ဒုံးကျွန်းနှင့် မြိတ်မြို့တွင် ခရီးစဉ်ဆုံးမည် ဖြစ်သည်။ အမြန်ယာဉ်များဖြစ်ပြီး ခေတ်မီစက်များတပ်ဆင်ထားကာ ခရီးသည်များ အတွက် သက်တောင့်သက်သာဖြစ်လှသည်။ GPS လမ်းညွှန်ပါရှိပြီး ဂြိုဟ်တုဖုန်း၊ TV၊ ရေခဲသေတ္တာ၊ လေအေးပေးစက် တပ်ဆင်ထားသည်။ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊ ရေချိုးခန်း၊ဧည့်ခန်း၊ ထမင်းစားခန်းများပါရှိသည်။ အခန်းများမှာ အသံလုံအခန်းများဖြစ်ကာ သန့်ရှင်းသပ်ရပ်ပြီး ပင်လယ်ရှုခင်းများကို ကြည့်ရှုနိုင်ရန် တည်ဆောက်ထားသည်။ ခရီးစဉ်တွင် ရေငုပ်ခြင်း၊ ကျွန်းပေါ်လေ့လာခြင်းများ ပြုလုပ်နိုင်သည်။ ခရီးသည် (၁၈) ဦးအထိလိုက်ပါနိုင်ပြီး
ဝန်ဆောင်မှုအဖွဲ့ဝင် (၅) ဦးပါဝင်သည်။













၎။ ဆလုံလူမျိုး သို့မဟုတ် Sea Gypsy

ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။
ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။ ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး
မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါနီးစပ်ရာကျွန်းပေါ်တွင်
ဝါးခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။ Sea Gypsy ဟူသောအမည်နှင့်လိုက်လျောညီထွေစွာပင်
သဘာဝပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်းတတ်ကြသည်။
ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင်သွားနိုင်ကြသည်။
ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။ တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ၀ိုင်းဖွဲ့ကခုန်ကြသည်။သူတို့၏ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။ လက်ရှိဖြစ်ပျက်နေသည့် အခြေအနေကို လက်တန်း တေးသီချင်းစပ်ဆိုနိုင်သလို ကျောက်နံရံများတွင် ပန်းချီရေးဆွဲလေ့ရှိကြသည်။ သေဆုံးသည့်အခါ မီးသဂြို င်္ဟ်လေ့မရှိပဲ အလောင်းကို ရေချကာ အလောင်းစင်ထားခဲ့ပြီး ရွာသားများအားလုံး အခြားကျွန်းပေါ်သို့ ပြောင်းရွှေလေ့ရှိကြသည်။






ဆလုံလှပျိုဖြူ
ဆလုံကလေးငယ်လေးများ
ဆလုံမီးပုံပွဲ
ပုလဲငုပ်နေသော ဆလုံမိသားစု
ငါးထိုးဟန်

ဆလုံရိုးရာလှေ


ဆလုံရွာ ဆည်းဆာ
ဆလုံပန်းချီ

၃။ တနင်္သာရီတိုင်းပုလဲလုပ်ငန်း သို့မဟုတ် မြန်မာ့ပုလဲလုပ်ငန်း (Myanmar Pearl Enterprise-MPE)

မြန်မာ့မွေးပုလဲလုပ်ငန်းကို မြိတ်ကျွန်းစုတွင် (၁၉၅၄) ခုနှစ် ကတည်းက စတင်ခဲ့သည်။ မြိတ်ကျွန်းစုရှိ ကျွန်းများသည် ရှေးယခင်ကတည်းကပင် ၄င်းကျွန်းများရှိ နေထိုင်သူများ၊ သဘာဝမုတ်ကောင်များ၊ သဘာဝ
ပင်လယ်အလှတရားများကြောင့် လူသိများခဲ့သည်။ ပုလဲပထမဆုံးရှာဖွေသူများမှာ ယင်းဒေသရှိ ဆလုံလူမျိုးများ
ဖြစ်သည်။ ထိုလူမျိုးများသည် တစ်ကျွန်းမှတစ်ကျွန်း သစ်လုံးထွင်းလှေငယ်များဖြင့်သွားလာကာ ပင်လယ် ကြမ်းပြင်ရှိ မုတ်ကောင်များရှာဖွေကာ သဘာဝပုလဲကိုထုတ်ယူကြသည်။ (၁၉၅၄) ခုနှစ်တွင် ဂျပန်လူမျိုး မစ္စတာ
တာကာရှီမာ ဆိုသူသည် တောင်ပင်လယ်ပုလဲကုမ္ပဏီ (South Sea Pearl Company) ကိုတည်ထောင်ကာ ပုလဲ
ကိုစတင် မွေးမြူခဲ့သည်။ မြန်မာ့မွေးပုလဲအရည်အသွေးမှာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဖြစ်သည်။

တနင်္သာရီတိုင်း ပုလဲထွက်ရှိရာ တည်နေရာများ
ပုလဲကျွန်းရှိ ပုလဲမွေးမြူရေးလုပ်ငန်းခွင်
ပုလဲရရှိစေမည့် မုတ်ကောင်
မုတ်ကောင်အတွင်းမှ ပုလဲထုတ်ယူနေစဉ်

သဘာဝပုလဲနှင့် မွေးပုလဲတို့၏ အရွယ်အစား၊ အရောင်းအဆင်း ကွဲပြားပုံ
ပုလဲအမျိုးမျိုး



မြန်မာ့အကြီးဆုံး သဘာဝပုလဲ

မြန်မာ့အကြီးဆုံးသဘာဝပုလဲကို (၁၉-၄-၂၀၀၁) တွင် မြိတ်ကျွန်းစု မြန်မာ-ထိုင်းရေနယ်နိမိတ်အနီး မာ့ခ်လီယိုဒ် (Macleod) ကျွန်းမှ ရရှိခဲ့သည်။ ပုလဲမျက်နှာပြင်မှာ လူဦးနှောက်နဲ့တူပြီး အရောင်အသွေးမှာ တောက်ပသော ငွေရောင် ဖြစ်သည်။ အလေးချိန်မှာ (၄၅.၀၆) ရတီရှိပြီး အတိုင်းအတာမှာ အလျား (၆၂)၊ အနံ (၅၀)၊ အမြင့် (၃၁) မီလီမီတာ ဖြစ်သည် ။ ကြက်ဥငယ် အရွယ်ခန့်ရှိသည်။ သဘာဝမုတ်ကောင်အတွင်းမှ ထုတ်ယူရရှိသော မြန်မာ့
နိုင်ငံ၏ အကြီးဆုံး သဘာဝပုလဲ ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး မြန်မာ့မွေးပုလဲ

(၂၁-၁၂-၁၉၆၆) တွင် ထူးခြားစွာ ကြီးမားသော ပုလဲတစ်လုံးကို မြိတ်ကျွန်းစု ပုလဲမွေးမြူရေးစခန်းမှ ရရှိခဲ့သည်။
မျက်နှာပြင်တောက်ပြောင်မှု အထူးကောင်းမွန်ပြီး ငွေရောင်အဆင်းရှိသည်။ ပုံသဏ္ဍန်မှာ ခမ်းနား ဆန်းကြယ်သည်။ အကျယ်မှာ (၃၂)၊ အမြင့်မှာ (၄၁) မီလီမီတာရှိသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးမွေးပုလဲအဖြစ် ယခုအချိန်ထိ မှတ်တမ်းဝင်ဆဲ ဖြစ်သည်။

မြန်မာ့ပုလဲဈေးကွက်