တနင်္သာရီမြို့


တနင်္သာရီမြို့သည် တနင်္သာရီတိုင်းတွင် တနင်္သာရီမြို့ဟောင်းအဖြစ် ထင်ရှားသည်။ တနင်္သာရီမြစ်ကြီးနှင့် မြစ်ငယ်ဆုံရာတွင် တည်ရှိပြီး မြိတ်မြို့မှ မိုင် (၅၀) ကွာဝေးသည်။ တနင်္သာရီမြစ်သည် မြိတ်မြို့အနီးတွင် ပင်လယ်အတွင်း စီးဝင်သည်။ အရှေ့ဘက်တွင် တနင်္သာရီရိုးမနှင့် မောတောင်နယ်စပ်မြို့၊ အနောက်ဘက်တွင်
မြိတ်မြို့၊ တောင်ဘက်တွင် ဘုတ်ပြင်းမြို့နယ်၊ မြောက်ဘက်တွင် ထားဝယ်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။
တနင်္သာရီမြို့သည် ရှေးဘုရင်များ၏သမိုင်းကြောင်းထွန်းကားရာ နေရာဖြစ်သည်။ ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းအထောက်အထားများ လေ့လာရန် နေရာများကြောင့် လူသိများသည်။ ၀တ်ဆင်တောင်ဘုရား၊ န၀ါထပ်
ဘုရား၊ ၀င်္ကဘာတောင်ဘုရား၊ သာရဘွင်ကျောက်တောင်ဘုရား၊ လယ်တောင်ယာ ခြေတော်ရာဘုရား၊ လောက
မာရဇိန်ဘုရားတို့မှာ ထင်ရှားသည်။
ကျောက်တောင်ဘုရားသည် တနင်္သာရီမြို့နယ်အတွင်းရှိ သာရဘွင်ကျေးရွာတွင် တည်ရှိသည်။ ကျောက်တောင်
ပေါ်တွင် စေတီတော်တည်ထားပုံမှာ အံ့သြဖွယ်ကောင်းလှသည်။ ကျောက်လိုဏ်ဂူအတွင်းရှိ
ရှေးခေတ်လက်ရာ ဘုရားဆင်းတုတော်များကို တစ်စုတစ်ဝေးတည်းအဖြစ် ဖူးမြော်နိုင်သည်။ ထိုဘုရားများကို ဖူးမြော်ရန်အတွက် ကျောက်တောင်ပေါ်သို့ ငြမ်းလှေကားဖြင့် ခဲရာခဲဆစ်တက်ကြရသည်။ သင်္ကြန်၊ အခါကြီးရက်ကြီးနေ့များတွင် ဒေသခံပြည်သူများ တက်ရောက်ဖူးမြော်လေ့ရှိကြသည်။ ဘုရားဖူးဧည့်သည်များကို ရွာခံများက ဒေသထွက် မုန့်ပဲသားရေစာများဖြင့် ဧည့်ခံလေ့ရှိသည်။ ဘုရားဆင်းတုတော်များမှာ သမိုင်းသုတေသီအတွက် လေ့လာစရာ တစ်ခုဖြစ်သည်။ သာရဘွင်ရွာသို့ မြိတ်မြို့မှလည်းကောင်း၊ တနင်္သာရီမြို့မှလည်းကောင်း ကုန်းလမ်း၊ ရေလမ်း
တို့ဖြင့် သွားနိုင်သည်။

သာရဘွင် ကျောက်တောင်ဘုရား








ဗုဒ္ဓခြေတော်ရာဘုရားသည် တနင်္သာရီမြို့မှ(၅)မိုင်ကွာဝေးသော လယ်တောင်ယာရွာအနီး ခြေတော်ရာ တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ ခြေတော်ရာတောင်သည် တနင်္သာရီမြို့နယ်တွင် အမြင့်မားဆုံးဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ကြီးမားသော ညာဘက်ခြေတော်ရာကို ကျောက်တုံးကြီး ပေါ်တွင် ဖူးတွေ့နိုင်သည်။ ထိုဘုရားကိုလည်း သင်္ကြန်၊အခါကြီးရက်ကြီးနေ့များတွင် ဒေသခံပြည်သူများ တက်ရောက်ဖူးမြော်လေ့ရှိကြသည်။ ဘုရားဖူးဧည့်သည်များကို ရွာခံများက ဒေသထွက် မုန့်ပဲသားရေစာများဖြင့် ဧည့်ခံလေ့ရှိသည်။ မြတ်စွာဘုရား၏ ဘယ်ဘက်ခြေတော်ရာကိုမူ ပုလောမြို့အနီး ပလစက်တော်ရာဘုရား
တွင် ဖူးတွေ့နိုင်သည်။ ၄င်းအပြင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ယိုးဒယားဘက် စစ်ချီစဉ် သမိုင်းအထောက်အထားများ ကျန်ခဲ့သည့် ဓားသွေးချောင်းကိုလည်း သွားရောက်လေ့လာနိုင်သည်။ ထိုချောင်းသည် တနင်္သာရီမြို့မှ (၂) မိုင်ခန့်သာ ကွာဝေးသည်။ ရေတံခွန်ငယ်နှင့်အတူ ကျောက်တုံးများပေါ်တွင် လူ၏ခါးအထိ နစ်ဝင်ကျန်ခဲ့သော ဆင်ခြေရာများကို အံ့သြစွာ မြင်တွေ့နိုင်သည်။ မြို့ကိုပတ်၍တည်ဆောက်ထားသော အုတ်မြို့ရိုးဟောင်းကိုလည်း
လေ့လာနိုင်သည်။
တနင်္သာရီမြို့သည် စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်လှသည်။ ကွမ်း၊ သီဟို၊ ရာဘာ၊ ဆီအုန်းစသည့် နှစ်ရှည်ပင်နှင့်
အတူ ရာသီသီးနှံများဖြစ်သော ဒူးရင်း၊ နာနတ်၊ သရက်၊ လမွတ်၊ လမတ်၊ ကြက်မောက်၊ ကျွဲကော၊ ပိန္နဲတို့ ပေါများ
လှသည်။
တနင်္သာရီမြို့သည် ဒုတိယနယ်စပ်မြို့ဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်မြို့နှင့် မိုင် (၈၀) သာကွာဝေးသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး မြိတ်မြို့မှ ရေလမ်း၊ ကုန်းလမ်းတို့ဖြင့် သွားရောက်
လည်ပတ်နိုင်သည်။

တနင်္သာရီမြို့ ဂြိုဟ်တုဓာတ်ပုံ
န၀ါထပ်ဘုရား
တနင်္သာရီတံတား
ဘန်းသဲရွာ အခြေခံပညာ မူလတန်းကျောင်း
တနင်္သာရီမြစ်၏ ရှုခင်းများ




တနင်္သာရီမြစ်ကမ်းဘေးရှိ တောင်ယာစိုက်ပျိုးရန် ပြင်ဆင်နေစဉ်
မြိတ်-တနင်္သာရီကားလမ်း၏ နေ၀င်ချိန်ရှုခင်း

1 ဦးက ဒီလိုပြောတယ်။

Make A Comment