ကော့သောင်းမြို့


ကော့သောင်းမြို့သည် တနင်္သာရီတိုင်း၏ ထင်ရှားကျော်ကြားသော မြန်မာပြည်တောင်ဘက်စွန်း ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်သည်။ ပါချန်မြစ်ဝတွင် လူသိများသော ဘုရင့်နောင်အငူ (Victoria Cape) သည် မြန်မာပြည်၏ တောင်ဘက်စွန်းအကျဆုံးအပိုင်းအဖြစ် တည်ရှိသည်။ အရှေ့ဘက်နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊မြောက်ဘက်တွင် ဘုတ်ပြင်းမြို့နယ်တို့ဖြင့်ဝိုင်းရံလျက်ရှိသည်။ရန်ကုန်မြို့မှ (၉၂၁)၊ မြိတ်မြို့မှ (၂၆၇)ကီလိုမီတာ ကွာဝေးသည်။ မြို့၏မြေမျက်နှာပြင်တစ်ဝက်မှာလျှောစောက်အနေအထား
ဖြစ်ပြီး ပင်လယ်ကမ်းစပ်တလျှောက် မြို့ကိုတည်ဆောက်ထားသည်။ နယ်စပ်ထွက်ပေါက်မြို့ဖြစ်ပြီး
ရေထွက်ပစ္စည်း၊ ရာဘာ၊ ဆီအုန်း၊ နိုင်ငံခြားသွင်းကုန်လုပ်ငန်းများဖြင့် စည်ကားလျက်ရှိသည်။ ဘုရင့်နောင် မင်းတရားကြီး၏ နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းစိတ်ဓာတ်ကို ၄င်းမြို့တွင် ထင်ထင်ရှားရှားတွေ့နိုင်သည်။
ထိုမင်းတည်ထားခဲ့သော စေတီပုထိုးများနှင့် သမိုင်းဝင်ဘုရားများကိုလည်း ဖူးတွေ့နိုင်သည်။ ၀ိတိုရိယအငူရှိ ဘုရင့်နောင် မင်းတရားကြီး၏ သူ့ကျွန်မခံဘာမထီဟန် ကြေးသွန်းရုပ်ထုကို ဂုဏ်ယူဝင့်ကြွားစွာ တွေ့နိုင်သည်။ ကော့သောင်းမြို့သည် ကမ္ဘာလှည့်ခရီးသည်များ၏စိတ်အာရုံကို အမှန်တကယ်ဖမ်းစားနိုင်လောက်အောင် ခေတ်မီတိုးတက်ကာ လေ့လာစရာများကလည်း ဆွဲဆောင်နိုင်လွန်းလှသည်။
မြို့ပတ်ဝန်းကျင်တွင် ဇာဒက်ကြီး၊ ဇာဒက်ကလေးကျွန်း၊ လမ်းပိဇီဝဗေဒကျွန်း၊ ရွှေကျွန်း၊ သူဌေးကျွန်းတို့ တည်ရှိသည်။
ကော့သောင်းမြို့သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်းတို့ဖြင့်သွားရောက်လည်ပတ်နိုင်သည်။

ကော့သောင်းမြို့ ဂြိုဟ်တုဓာတ်ပုံ
View Point မှ ကော့သောင်းမြို့မြင်ကွင်း
ပြည်တော်အေးစေတီတော်နှင့် ဘုရား



တော်ဝင်စေတီတော်
ရွှေဇင်ယော်စေတီတော်
ကော့သောင်းမြို့၏ မြင်ကွင်းအချို့








တနင်္သာရီရိုးမ
မြွေကျွန်း
မြန်မာ-ထိုင်း ရေခြားမှတ်တိုင်
ကော့သောင်းမြို့အနီး ပင်လယ်ကမ်းစပ်
ဆိပ်ကမ်းတစ်နေရာ

ဆည်းဆာချိန်



ထိုင်းနိုင်ငံ ရနောင်းဘက်ကမ်းမှ မြန်မာပြည် ကော့သောင်းဘက်ကမ်းကို တွေ့ရစဉ်


0 ဦးက ဒီလိုပြောတယ်။

Make A Comment