လောင်းလုံးမြို့

လောင်းလုံးမြို့သည် ထားဝယ်မြစ်အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ထားဝယ်မြို့မှ မိုင်အနည်းငယ်သာ ကွာဝေးပြီး ထားဝယ်အငူပေါ်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ထားဝယ်မြစ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ကပ္ပလီပင်လယ်တို့တည်ရှိသည်။ စိုက်ပျိုးရေး၊ ရေလုပ်ငန်းတို့ဖြင့် စည်ကားလျက်ရှိသည်။ ထားဝယ်မြို့မှ ရေလမ်း၊ ကုန်းလမ်းတို့ဖြင့် သွားရောက်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။

0 ဦးက ဒီလိုပြောတယ်။

Make A Comment