ကျွန်းစုမြို့

ကျွန်းစုမြို့သည် မြိတ်ကျွန်းစုတွင် တစ်ခုတည်း တည်ရှိသော မြို့ဖြစ်သည်။ မြိတ်ကျွန်းစုတွင် အကြီးဆုံးဖြစ်သော ကတန်ကျွန်းပေါ်တွင် တနင်္သာရီ ရေတပ်စခန်းဌာနချုပ်နှင့်အတူ တည်ရှိသည်။ ကတန်ကျွန်းသည် စတုရန်း ကီလိုမီတာ (၄၅၀) ကျယ်ဝန်းသည် အလျား (၁၈) မိုင်၊ အနံ (၁၂) မိုင်ရှိသောကြောင့် ကျွန်းဘုရင်ဟု လူသိများသည်။ ကျေးရွာအများဆုံးတည်ရှိသော ကျွန်းဖြစ်ပြီး ၎င်းတို့ကို အမှီပြု၍ ကျွန်းစုမြို့နယ်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ထိန်းချောင်း၊ ကတ္တလူ၊ မရမ်းချောင်း၊ ပန်းဆွတ်၊ မအိုင်၊ ရေခပ်ဆိပ်၊ ဆားဖို၊ သန္တာကျွန်း စသည့် ကျေးရွာများမှာ ထင်ရှားသည်။ ရေလုပ်ငန်းဖြင့် စည်ကားလျက်ရှိပြီး လှပသော ရှုခင်းများလည်း ပေါများလှပေသည်။ န၀ရတ်ရေအိုင်မှာ အထင်ရှားဆုံးဖြစ်သည်။ နွေရာသီတိုင်း ဤရေအိုင်သို့ ဒေသခံ ပြည်သူများ သာမက ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်လည်ပတ်လေ့ရှိသည်။

0 ဦးက ဒီလိုပြောတယ်။

Make A Comment