မောင်းမကန်ကမ်းခြေ


မောင်းမကန်သည် တနင်္သာရီတိုင်း၏ သာယာလှပသော အပန်းဖြေကမ်းခြေဖြစ်သည်။ ထားဝယ်မြို့မှ အနောက်ဘက်(၁၀) မိုင်ကွာဝေးသော မောင်းမကန် ပင်လယ်ကမ်းခြေရွာတွင် တည်ရှိပါသည်။ ထိုရွာရှိ လူမျိုးများမှာ မိရိုးဖလာငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြသည်။ လှေသည် သူတို့အတွက် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။ လှေအမျိုးမျိုးကိုသုံးစွဲပြီး ငါးဖမ်းကြရာဝယ် မလေးလှေသည် အသုံးအ၀င်ဆုံးဖြစ်သည်။ ၄င်းသည် သေးငယ်ပေါ့ပါးသော သစ်သားလှေဖြစ်ပြီး သံ၊သံမဏိတို့ဖြင့် တည်ဆောက်ခြင်းမရှိပါ။ အရှည်မှာ (၁၈) ပေရှိပြီး (၁၀)မိုင်ပတ်လည်ရေပြင်တွင် ငါးဖမ်းနိုင်သည်။ လှေတည်ဆောက်ပုံမှာ အံ့သြစရာကောင်းလှပေသည်။ ရေမနေ၊ ဘန်ဘွေးသားများကို အသုံးပြုထားသည်။ ပေါ့ပါးလှသဖြင့် လွယ်ကူစွာ ထိန်းကျောင်းလှော်ခတ်နိုင်သည်။ တံငါသည်များသည် ရာသီဥတုကိုကြည့်ပြီး အုပ်စုလိုက် (၁)ရက်၊ (၂)ရက်ကြာ ငါးဖမ်းထွက်ကြသည်။ ညအချိန် ငါးဖမ်းရန် ညနေခင်းတွင် ပင်လယ်ပြင် ထွက်ကြပြီး မနက်ခင်းမှပြန်ရောက်လေ့ရှိသည်။ လိုအပ်သော ငါးပမာဏ ကိုရမှသာ အိမ်ပြန်လာကြသည်။ ဇနီးမယားက ဖမ်းမိလာသောငါး၊ ငါးမန်း၊ ငါးလိပ်ကျောက်အမျိုးမျိုးတို့ကို ရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုကြသည်။








0 ဦးက ဒီလိုပြောတယ်။

Make A Comment