ထားဝယ်မြို့
၁။ ရှင်တောင့်ပုံ (တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့)
၂။ ရှင်မျှော် (တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာ)
၃။ ရှင်မုတ္ထီး (တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာ)
၎။ ရှင်ပင်ခရု (တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်)
၅။ ရှင်ဥသြ (တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ ဘုရားကြီးဝင်းအတွင်း)
၆။ ရှင်တောက်ထိန် (တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရွာ)
၇။ ရှင်ဇလွန် (တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းရွာ)
၈။ ရှင်ဆံတော် (တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်ရွာ)
၉။ ရှင်ဓါတ်ဝဲ (တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ)
ထားဝယ်ဒေသ၏ အထင်အရှား ဘုရားများတွင် တဆူအပါအဝင်ဖြစ်သည့် “လောကသရဖူ လျောင်းတော်မူဘုရားကြီး”သည် ထားဝယ်မြို့မှ ၄ မိုင်ခန့်အကွာ ထားဝယ်မြို့နယ်၊ အလယ်ကုန်း ကျေးရွာတွင် တည်ရှိသည်။ သမိုင်းစာအုပ်အထောက်အထားများအရ ကောဇာသက္ကရာဇ် ၁၂၉၂ ခု၊ တပေါင်းလတွင် တည်ထားကိုးကွယ်၍ ဉာဏ်တော်အလျား ၁၆၂ တောင်၊ ပလ္လင်တော်အလျား ၂၀၀ တောင်၊ ပလ္လင်တော်အနံ ၄၀ တောင်၊ မြေပြင်မှ အမြင့် ၅၂ တောင် အသီးသီးရှိသည်ဟု မှတ်သားသိရှိရပါသည်။
မှတ်ချက်။ ။ရှင်ကိုးရှင်ဘုရားဓာတ်ပုံနှင့် လျောင်းတော်မူဘုရားဆောင်းပါးကို အသုံးပြုခွင့်ပေးသော
ကိုထားဝယ်သား ကို အထူးကျေးဇူးတင်ရှိပါကြောင်း.....။
ရွှေတောင်စား စေတီတော်
ဆုတောင်းပြည့်ဘုရား
ရှေးဘုန်းကြီးကျောင်း တစ်ကျောင်း
ထားဝယ်မြို့တွင်း
အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း
ထားဝယ်သူလေးများ
ထားဝယ်လေဆိပ်
သင်္ဘောဆိပ်
ထားဝယ်လူမျိုး သားအဖနှင့် ကမျှောကင်းတံတားလမ်း
ကောက်စိုက်ချိန် သားအမိ
ထားဝယ်မြစ် ကပ္ပလီပင်လယ်ထဲစီးဝင်ပုံ
ထားဝယ်မြို့အနီးရှိ သာယာလှပသောငါးဖမ်းရွာလေး
ထားဝယ်မြို့အနီး ကပ္ပလီပင်လယ်ကမ်းခြေတစ်နေရာ
Comment Form under post in blogger/blogspot