၁။ တနင်္သာရီတိုင်း



တနင်္သာရီတိုင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းကြီး(၇)တိုင်း၊ ပြည်နယ်ကြီး(၇)ပြည်နယ်တွင် တစ်ခုအပါအ၀င်ဖြစ်သည်။ မြန်မာပြည် တောင်ဘက်စွန်းတွင် တည်ရှိပြီးအရှေ့နှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် မွန်ပြည်နယ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့နှင့် နယ်နိမိတ်ထိစပ် နေသည်။ ဧရိယာအားဖြင့် (၁၆၇၃၅) စတုရန်းမိုင် ပိုင်ဆိုင်ပါသည်။မြန်မာနိုင်ငံတွင် ကျွန်းပေါင်း(၁၀၀၀)ခန့်ရှိရာ တနင်္သာရီတိုင်းတွင် (၈၀၀)ကျော်တည်ရှိသည်။ မြို့တော်မှာ မြိတ်မြို့ဖြစ်သည်။ မြိတ်၊ ထားဝယ်၊ ကော့သောင်း ခရိုင် (၃)ခု၊ မြိတ်၊ ထားဝယ၊ ကော့သောင်း၊ တနင်္သာရီ၊ ကျွန်းစု၊ ပုလော၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း၊ ဘုတ်ပြင်းစသည့် မြို့နယ်(၁၀)ဖြင့် ဖွဲ့စည်းထားသည်။ တနင်္သာရ်ီတိုင်းတွင် မြန်မာ၊ မွန်၊ ထားဝယ်၊ ပအို့၊ ကရင်၊ ဆလုံနှင့် ပရှူးလူမျိုးများ နေရာအနှံ့နေထိုင်ကြပြီး လူဦးရေအားဖြင့် (၁)သန်းကျော်ရှိကြပါသည်။ ရာသီဥတုမှာ မိုးများသော မုတ်သုံရာသီဥတု ဖြစ်ခြင်းကြောင့် တနင်္သာရီတိုင်းတွင်စပါးအပြင် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ အုန်းသီး၊ ရာဘာ၊ ဓနိ၊ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ သီဟို၊ သရက်၊ ဆီအုန်းတို့ စိုက်ပျိုးဖြစ်ထွန်းကြသည်။
တနင်္သာရီတိုင်းသည် သယံဇာတပေါကြွယ်လှသည်။ ထင်ရှားသော သတ္တုတွင်းများမှာ ဟိန်းဒါး၊ ဟာမြစ်ကြီး၊ ကန်ဘောက်၊ ကျောက်မဲတောင်၊ နတ်သီတာ၊ ရတနာပုံ၊ သိန္ဓောတို့ ဖြစ်ကြပြီး ရေနံ၊သဘာဝဓာတ်ငွေ့၊ စိန်၊ ကျောက်မီးသွေးတို့ ထုတ်လုပ်နိုင်သည့် အပြင် ငှက်သိုက်နှင့် ပုလဲလုပ်ငန်းများမှလည်း နိုင်ငံခြားဝင်ငွေ အများအပြားရရှိပါသည်။ ရေလုပ်ငန်းကလည်း ပြည်တွင်းအပြင် ပြည်ပအထိ ထုတ်လုပ်ဖြန့်ဝေ နိုင်ပါသည်။ ထို့ကြောင့် တနင်္သာရီတိုင်း၏ရေလုပ်ငန်းသည် နိုင်ငံ၏ကုန်ထုတ်လုပ်မှုတွင် အရေးပါသော ကဏ္ဍတစ်ခု ဖြစ်သည်။ ခရီးသွားလုပ်ငန်းအနေဖြင့် မြိတ်ကျွန်းစုသည် ကမ္ဘာလှည့်ခရီးသည်များ အတွက်လေ့လာစရာ များပြားလှသည့်အပြင် ထိုဒေသရှိ ဆလုံလူမျိုးများ၏ ဓလေ့စရိုက်ကလည်း စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ယခုအခါ ပုလဲရေငုပ်ရှာဖွေခြင်း လုပ်ငန်းကို ပြုလုပ်နိုင်ပြီဖြစ်သည်။
တနင်္သာရီတိုင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လှသဖြင့် ရာသီမရွေး ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် လာရောက်နိုင်သည်။ ဒေသတွင်း၌လည်း လမ်းခရီးလုံခြုံချောမွေ့စေရန် လေယာဉ်၊ ကား၊
သင်္ဘော၊ အမြန်ရေယာဉ်တို့ဖြင့် ပြေးဆွဲပေးလျက်ရှိသည်။

တနင်္သာရီတိုင်း၏ စီးပွားဖြစ် စိုက်ပျိုးရေး
ရာဘာ


ဆီအုန်း

သရက်



နာနတ်


ဒူးရင်း



သီဟို

ကွမ်း




ဓနိ


1 ဦးက ဒီလိုပြောတယ်။

Make A Comment